ပြည်ပနိုင်ငံသို့ ရောက်ရှိပြီးပါက လိုက်နာ ဆောင်ရွက်ရမည့် အချက်များ

  • သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာရမည်။
  • သက်ဆိုင်ရာနိုင်ငံ၏ ထုံးထမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကို လေးစားလိုက်နာ ရမည်။
  • သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ဆက်လက်လေ့လာရမည်။
  • မိမိ၏ နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းများကို အမြဲစိစစ်၍ သက်တမ်းတိုး ဆောင်ရွက်ရမည်။
  • နေအိမ်မှ အပြင်သို့ ထွက်ခွာတိုင်းတွင် နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားများကို မိမိနှင့်အတူ တပါတည်း ယူဆောင်သွားရမည်။
  • နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထား များ မပျောက်ပျက်အောင် သေချာထိန်းသိမ်းရမည်။ အကယ်၍ ပျောက်ပျက် ပျက်စီးသွားပါက သက်ဆိုင်ရာနိုင်ငံရှိ ရဲစစခန်းနှင့် ဌာနများသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားရမည်။
  • လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို မပျက်မကွက် လိုက်နာရမည်။
  • အလုပ်ရှင်၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့် အခြားအခက်အခဲများ ပေါ်ပေါက် လာပါက ဆက်သွယ်အကူအညီတောင်းခံရမည့် အဖွဲ့အစည်း၊ ဖုန်းနံပါတ်များကို မှတ်သားထားရမည်။
  • မိသားစုငွေလွှဲပို့ရာတွင် ငွေကြေးလိမ်လည်ခံရမှု မဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ရမည်။
  • မိမိ၏ မိသားစုဝင်များနှင့် အမြဲမပြတ် ဆက်သွယ်နေရမည်ဖြစ်ပြီး မိမိ၏ ဖုန်းနံပါတ်၊ နေရပ်လိပ်စာနှင့် လုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်များကို ပြောပြ ထားရမည်။

Sorry, Job Search can't be operated in this area. During the current situation, the Job Search Web Portal will only be used by CDMer in Thailand. For more information click learn more.

Scroll to Top