Home Banner

ပြည်ပ နိုင်ငံ များသို့ တရားဝင် သွားရောက် ခြင်းကြောင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများ

  • လုံခြုံ စိတ်ချစွာ ခရီး သွားလာ နိုင်ခြင်း၊
  • သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ အတိုင်း အခွင့် အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ ရရှိခြင်း၊
  • သတ်မှတ် လုပ်ခ လစာ အတိုင်း ခံစားခွင့် ရရှိခြင်းနှင့် မိသားစုထံ ငွေလွှဲပို့ရာတွင် အဆင်ပြေ လွယ်ကူခြင်း၊
  • ပြည်ပ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် ရရှိခြင်း၊
  • ကျန်းမာရေး စောင့်ရှောက်မှု၊ အာမခံနှင့် လျော်ကြေးငွေများ ရရှိ ခံစားနိုင်ခြင်း၊
  • လူကုန်ကူး ခံရမှု၊ လုပ်အား ခေါင်းပုံဖြတ် ခံရမှုနှင့် အလုပ်ရှင်များ၏ ဖိနှိပ်မှုများမှ ရှောင်ကြဉ်နိုင်ခြင်း၊
  • တရားမဝင် ဝင်ရောက် လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း၊ ပြည်နှင်ဒဏ် ခံရခြင်းတို့မှ ရှောင်ကြဉ် နိုင်ခြင်း၊
  • အလုပ် လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီးပါက မိမိနိုင်ငံသို့ လုံခြုံ စိတ်ချစွာ ပြန်လာနိုင်ခြင်း၊

ပြည်ပ နိုင်ငံ များသို့ တရားမဝင် သွားရောက်ခြင်းကြောင့် ကြုံတွေ့ နိုင်သည့် ကိစ္စရပ်များ

  • တရားမဝင် သွားရောက်ခြင်းကြောင့် လုံခြုံ စိတ်ချစွာ ခရီးသွားလာနိုင်မှု မရှိသည့် အပြင် ဖမ်းဆီး ခံရပြီး အရေးယူမှု ခံရနိုင်ခြင်း၊
  • သက်ဆိုင်ရာ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် မရရှိနိုင်ခြင်း၊
  • အလုပ် လုပ်ကိုင်နေသည့် ကာလ တလျှောက် တရားမဝင် အလုပ်သမား အဖြစ် အချိန်မရွေး ဖမ်းဆီးခံရပြီး အရေးယူမှု ခံရနိုင်ခြင်း၊
  • သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ အတိုင်း အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှု မရရှိနိုင်ခြင်း၊
  • လူကုန်ကူး ခံရမှု၊ လုပ်အား ခေါင်းပုံဖြတ် ခံရမှုနှင့် အလုပ်ရှင်များ၏ ဖိနှိပ်မှုကို ခံရနိုင်ခြင်း၊
  • သတ်မှတ် လုပ်ခ လစာ အတိုင်း မရရှိခြင်းနှင့် မိသားစုထံ ငွေလွှဲပို့ရာတွင် အခက်အခဲ ကြုံတွေ့နိုင်ခြင်း၊
  • အလုပ် သမားများ သိရှိသင့်သော အလုပ်သမားရေးရာ သတင်း အချက်အလက်များ၊ ကျန်းမာရေး ဆိုင်ရာ သတင်း အချက်အလက်များနှင့် သဘာဝ ဘေးဆိုင်ရာ သတင်း အချက်အလက်များ မှန်ကန်စွာ ရရှိနိုင်မှု အားနည်းခြင်း၊
  • ကျန်းမာရေး စောင့်ရှောက်ခွင့်နှင့် ဆေးကုသခွင့် မရရှိခြင်း၊ တရားမဝင် အလုပ်သမား အဖြစ် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရပါက သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် မရနိုင်ခြင်း၊ ပြည်ဝင်ခွင့်ကို ကာလ အကန့်အသတ်ဖြင့် တားဆီးမှု ခံရခြင်း။

အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် (EC) လက်မှတ် ရေးထိုးခြင်း မပြုမီ သတိပြုရမည့် အချက်များ

  • မည်သည့် စာမှ ရေးသားထားခြင်း မရှိသော စာရွက် အလွတ် (သို့မဟုတ်) နားမလည်သော ဘာသာဖြင့် ရေးသား ထားသော စာရွက်ပေါ်တွင် လက်မှတ် ရေးထိုးခြင်း မပြုရန်၊
  • ပြည်ပ အလုပ်အကိုင် အတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် (EC) တွင် မြန်မာ ဘာသာစကားနှင့် သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကား သို့မဟုတ် အင်္ဂလိပ် ဘာသာစကားတို့ဖြင့် ရေးသားထားပြီး အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ နားလည် တတ်ကျွမ်းသူအား ပြသ၍ အတည်ပြုချက် ရယူရန်၊
  • အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် (EC) ပါ အချက်များကို နားလည် သဘောပေါက်ခြင်း မရှိပါက သက်ဆိုင်ရာ နားလည် တတ်ကျွမ်းသူ၊ အလုပ်ရှင် သို့မဟုတ် အေဂျင်စီမှ တာဝန်ရှိသူများအား မေးမြန်းရန်၊
  • အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် (EC) ပါ အချက်များကို ကောင်းမွန်စွာ သိရှိပြီး သဘောတူ လက်ခံနိုင်မှသာ လက်မှတ် ရေးထိုးရန်၊
  • လက်မှတ် အစုံအလင် (အလုပ်ရှင်၊ အလုပ်သမား၊ သက်သေများ) ပါရှိသော စာချုပ် တစ်စုံ လက်ခံ ယူထားရန် (သက်ဆိုင်ရာ အေဂျင်စီထံမှ မပျက်မကွက် တောင်းရန်)
  • လက်မှတ် အစုံအလင် (အလုပ်ရှင်၊ အလုပ်သမား၊ သက်သေများ) ပါရှိသော စာချုပ် မိတ္တူ တစ်စုံ၊ နိုင်ငံကူး လက်မှတ် မိတ္တူတို့ကို မိသားစုထံ ပေးထားရန်၊

ဆောင်ရန်၊ ရှောင်ရန် အချက်များ

Latest News

There is no lates news at this time.

Scroll to Top