တရားဝင် သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများ လိုက်နာ ဆောင်ရွက်ရန်  

  • အလုပ်သမားများ အနေဖြင့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင် အေဂျင်စီများနှင့် တိုက်ရိုက် ချိတ်ဆက်မှု မရှိသည့် အတွက် သတင်း အချက်အလက်များ မှန်ကန်စွာ ရရှိနိုင်မှု အားနည်းခြင်း၊ ပွဲစားများ၏ လိမ်လည်မှု ခံရခြင်း၊ ငွေကုန် ကြေးကျ ပိုများခြင်းများ ကြုံတွေ့နေရသဖြင့် အေဂျင်စီများအား တိုက်ရိုက် ချိတ်ဆက်ရန်၊
  • ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင် အေဂျင်စီများနှင့် ပြည်ပ အလုပ်အကိုင် အခွင့် အလမ်းများ အတွက် သတင် းအချက်အလက်များ မှန်ကန်စွာ ရရှိနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ချိတ်ဆက် မေးမြန်းရန်နှင့် ယင်း အဖွဲ့အစည်းများမှ အသုံးပြုလျက်ရှိသော Social Media (Facebook, line) မှ သတင်း အချက် အလက်များ ရယူရန်၊
  • ပွဲစားများက အဆင့်ဆင့် ချိတ်ဆက် ဆောင်ရွက်ခြင်းကြောင့် အမှန်တကယ် ကုန်ကျ ငွေထက် ပိုမိုပေးရခြင်း၊ လူကုန်ကူးခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ သတင်းအချက် အလက်မှားယွင်းစွာ ရရှိခြင်းတို့ကြောင့် ပွဲစားများဖြင့် ဆောင်ရွက်ခြင်းကို ရှောက်ကြဉ်ရန်၊
  • ပွဲစားများ၏ ဖျားယောင်း အယုံသွင်းမှုကို မယုံကြည်ဘဲ သေချာစုံစမ်းရန်၊  
  • အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ပါ အချက်များ၊ မိမိတို့ လုပ်ကိုင်ရမည့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်း သဘောသဘာဝများကို သေချာရှင်းလင်းစွာ သိရှိထားရန်၊ နားလည်မှု မရှိပါက သက်ဆိုင်ရာ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းများအား သေချာစွာ မေးမြန်းရန်၊
  • သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကား၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများကို လေ့လာထားရန်၊
  • အလုပ်သမားများ၏ အခွင့်အရေးများနှင့် လိုက်နာ ဆောင်ရွက်ရမည့် တာဝန်တို့ကို လေ့လာထားရန်၊
  • လုပ်ငန်းခွင်သို့ ရောက်ရှိပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားမှု မရှိဘဲ မိမိတို့၏ သဘော ဆန္ဒအလျှောက် လုပ်ငန်းခွင် ပြောင်းလဲခြင်းသည် တရားမဝင် အလုပ်သမား အဖြစ်သို့ ရောက်ရှိ စေနိုင်သောကြောင့် လုပ်ငန်းခွင် ပြောင်းလဲရာတွင် အထူးသတိပြုရန်၊

Sorry, Job Search can't be operated in this area. During the current situation, the Job Search Web Portal will only be used by CDMer in Thailand. For more information click learn more.

Scroll to Top